ဆေးဖက်ဝင်သောနွယ်ပင်၏ အမည်များ
အရပ်ဒေသအလိုက် နာမည်တွေမှည့်၍ခေါ်ဆိုကြ၏။ ကွမ်ဉာဏ်သီး, ကွန်ညှာသီ, ခြင်းကျားသီး, ခြင်းလုံးသီး, ကြောင်ဂွေးသီး, ပိတ်ခြင်းသီး, ပင်မှည့်သီး, ခြင်းသီး, ဆူဇကာသီး, ကွန့်ချာသီး, မြွေအံသီး, ကိုညှာပင်, သံကြန္ခ်ာသီး, ရေချင်းယား, ခြင်းယားပင်, ကွမ်းညှပ်သီး, သကြားသီး, ဘောက်ချိုပင်, မွေးစုပ်ပင်, ရေကွမ်းသီး, ခြင်ခြားသီးပင်, ဆေးကညှာပင်, ဘောက်သီး, ဗောက်ပင်, နတ်သကြားသီး, သန်ကွန်ညာရွက်, စာကလေးဦးနှောပင်, မီးပုန်းသီး, သာကူညာပင်, တာပါချိုင်းယား ခေါ် ပါချိုင်ယား, အညာမှာဘောက်ချိုသီးပင် မှည့်ပါကစားလို့ကောင်းပြီးချိုချဉ်အရသာရှိ၏။
ကိုယ်ရောင်အဖေါသမားများ အရွက်ကိုသုပ်စားခြင်း အမြစ်ကိုပြုတ်သောက်ရသည်ဟုဆိုပါသည်။
(ဆေးစွမ်းကောင်း တစ်လက်)
ကုသရန် ခက်ခဲကြန့်ကြာပြီး ပြည်တစိုစိုနှင့် ပြန်ဖြစ်လာကာ ပျောက်နိုင်ခဲလှသော (ပင်လယ်အူလျှောက်နာ) နှင့်
(ပါးပေါက်နာ) တို့အပြင် အနာအို အနာဆွေးများအား
အမြစ်ပြတ်အောင် ကုသပေးနိုင်သည့် ဆေးပင်ဖြစ်ပါ
သည်။ (ကွန်ညှာပင်) ဟု ခေါ်ပါသည်။ ဒေသအလိုက် အ
ခေါ်ကွဲလွဲနိုင်ပါသည်။ ဝါခေါင် တော်သလင်းလများတွင်
ပွင့် သီးလေ့ရှိ၏။ ပဉ္စငါးပါး ရရာကို ညက်အောင်ကြိတ်၍
အနာဝတွင် ကွာမကျအောင် အုံပေးဖို့သာလိုပါသည်။
အနာနုလျှင် ၃ ခါ ရင့်လျှင် ၇ ခါထက်မပိုပါ။ နောင်
မပေါ်တော့ဘဲ အမြစ်ပြတ် ပျောက်ကင်းသွားသည်ကို
တွေ့ရပါလိမ့်မည်။
ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ။
