ဂျုတ် (Thai Congee)
---------------
ဂျုတ် (Jok) လို့ခေါ်တဲ့ မနက်စာဆန်ပြုတ်တစ်မျိုးဟာ ထိုင်းနိုင်ငံတစ်ဝှမ်း နံနက်စာအနေနဲ့လူစားများတဲ့ အစား အစာတစ်မျိုးဖြစ်ပါတယ်။ ဆန်နဲ့ပြုတ်လို့ရသလို သူတို့ ရိုးရာကတော့ ဆန်ကိုမဖြုန်းတီးဘဲ Jasmin rice ရဲ့ ဆန်ကွဲ ကိုသုံးပါတယ်။ ဆန်ကွဲကိုခပ်ပျော့ပျော့ချက်ပြီး ကြက်ပြုတ် ရည်၊ ဝက်ပြုတ်ရည်တို့နဲ့ ပြန်ပြီးပြုတ်ထားတဲ့ ဆန်ပြုတ်မှာ ဝက်ကြိတ်သား၊ မှိုအမည်းစတာတွေနဲ့ ပြန်လည်ပြင်ဆင် ထားတဲ့ နံနက်စာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
---------------
- Jasmin rice - ၁ ခွက်
- ရေ - ၁၀ ခွက်
ဝက်သားလုံးထားရန်
---------------
- ဝက်ကြိတ်သား - ၅၀ ဂရမ်
- ကြက်သွန်ဖြူ (စဉ်းပြီး) - ၄ တက်
- ချင်း(စဉ်းပြီးသား ) - စားပွဲဇွန်း၂ ဇွန်း
- ပဲငံပြာရည - စားပွဲဇွန်း ၃ ဇွန်း
Topping အတွက်
---------------
- ကြက်သွန်မြိတ် (ပါးပါးလှီးပြီး) - ၁ ပင်
- နံနံပင် (ပါးပါးလှီးပြီး) - ၂ ပင်
- ချင်း - ၁ တက်
(တစ်လက်မအရွယ်ချောင်းရှည်များ လှီးထားပါ)
- ငရုတ်ကောင်းအဖြူမှုန့် - အနည်းငယ်
ပြုလုပ်နည်း
---------------
၁။ ဆန်ရေဆေးပြီးရေ ၆ ခွက်ထည့်ပြီးရေဆူပြီးဆန်များပွလာသည်အထိတည်ထားပါ။
၂။ ဆန်ပွလာလျှင်မီးအလယ်အလတ်ခန့်လျော့ချပြီး မီးပျော့ပျော့နှင့် တည်ထားပါ။ ကျန်ရေများထည့်ပေးပြီးဆူအောင်တည်ပေးထားပါ။ ရိုးရိုးဆန်ကိုသုံးတဲ့အတွက် ကြေချင်ရင် ဒီနေရာမှာ ကြက်ဥမွှေတံသုံးပြီး ခြေ ပေးပါ။
၃။ ဝက်သားလုံးရန်ပစ္စည်းများရောပြီးစည်းနေအောင်နယ်ပါ အနေတော်အလုံးလေးများ လုံးထားပါ။ (ပုံမှန် လုပ်နေကျကတော့ ဇွန်းကောက်လေးနဲ့ခပ်ခပ်ပြီး ဆန်ပြုတ်အိုးထဲထည့်လိုက်တာပါ)ဆန်ပြုတ်အိုးရေ ဆူလာလျှင် အသားလုံးလေးများပါ ထည့်ပြီး ၅ မိနစ်ခန့်ပြုတ်ပေးပါ။
၄။ အသားလုံးများကျက်ပြီဆိုရင်တော့ ပန်းကန်မှာပြင်ဆင်ပြီးပါးပါးလှီးပြီးသားချင်း၊ ကြက်သွန်မြိတ်၊ နံနံပင် တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
