1 ပတ် - ဘာသာပြန်ပါ။

တောင်ကျရေကြီးမှုကြောင့် ပင်းတယ - ရွာငံ လမ်းပိုင်းအချို့ ပျ-က်စီး

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ကျရေကြောင့် ပင်းတယ - ရွာငံ လမ်းပိုင်းအချို့ပျ-က်စီးနေကြောင်း သိရသည်။

ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဇူလိုင်လ (၂၈) ရက်က စတင်ပြီး တောင်ကျချောင်းရေများ စီးဆင်းကာလမ်းများ၊ ကျေးရွာများနှင့် စိုက်ခင်းများသို့ ရေနှင့် ကျောက်တုံးကျောက်ခဲများ ဝင်ရောက်လာပြီး ပျ-က်စီးမှုများလည်း ရှိနေသည်။

ရွာငံ - ပင်းတယ ဖြတ်လမ်းဖြစ်သည့် တောင်ပေါ်ကြီးလမ်းတွင်လည်း ရေတိုက်စားမှုကြောင့် လမ်းများပျ-က်စီးသွားပြီး သွားလာ၍မရတော့သည့် အခြေအနေဖြစ်သည်။

ဇူလိုင်လ (၂၈)ရက်က သိမ်းကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာ၌ တောင်ကျရေမှတဆင့် ရုတ်တရက်ရေကြီးသောကြောင့် လူ (၆)ဦး အသက်ဆုံးရှုံးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အတွင်းရှိညောင်ရွှေ၊ ကလော၊ အင်းလေး၊ တာချီလိတ်၊ ပင်လောင်းတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

imageimage