11 w - Translate

ရက်ပ်ပါ Dan Sur ဟာ သူ့ရဲ့ ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုအသစ်ကြောင့် အလွန်အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ် သူဟာ ရွှေဆွဲကြိုးတွေကို သူ့ရဲ့ဆံပင်တွေနေရာမှာ အစားထိုးပြီးဦးရေပြားထဲ တိုက်ရိုက်ထည့်သွင်းထားတာဘဲဖြစ်ပါတယ်
ဒီလိုပြုလုပ်ဖို့အတွက် Dan Sur ဟာ ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရပါတယ် သူ့ရဲ့အရေပြားအောက်ကို ချိတ်လေးတွေ ထည့်သွင်းခဲ့ပြီး အဲဒီချိတ်တွေကနေ ရွှေရောင် တောက်ပနေတဲ့ ဆွဲကြိုး ဒါဇင်ပေါင်းများစွာကို ခေါင်းကနေ အိကျနေအောင် ဖန်တီးထားတာဖြစ်ပါတယ်
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တခြားသူတွေနဲ့ မတူဘဲ အထူးခြားဆုံးပုံစံနဲ့ ထင်ပေါ်ကျော်ကြားဖို့ဖြစ်ပါတယ် Dan Sur က သူ့ကိုယ်သူ လူ့သမိုင်းမှာ ရွှေဆံပင်စစ်စစ်ကို ဆံပင်အဖြစ် ဝတ်ဆင်တဲ့ ပထမဆုံး ရက်ပ်ပါ" ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်
ဒီလိုအစွန်းရောက်တဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် တချို့လူတွေက သူ့ရဲ့ ရဲရင့်တဲ့ တစ်မူထူးခြားမှုကို ချီးကျူးကြပြီး တချို့ကတော့ ဒီလိုပြုလုပ်ခြင်းရဲ့ ကျန်းမာရေးအန္တရာယ်တွေနဲ့ ရေရှည်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကို စိုးရိမ်မေးခွန်းထုတ်ကြလျက်ရှိပါတယ်
#knowledge #facts #whatthefacts #ဗဟုသုတ

image