1 w - Translate

◼မဲဆွယ်စည်းရုံးရေးအတွက်အခက်အခဲဆုံးမှာ ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးဟု PPP ပါတီဆို
ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံရေးဆောင်ရွက်ရန် ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးအခက်အခဲရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ယမန်နေ့(ဇူလိုင် ၂၇ ရက်) ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နစက ကပြုလုပ်မည့်ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၇၀၀ ခန့်လိုအပ်ကြောင်း၊ လက်ရှိ ၃၀၀ ခန့်ရရှိထားပြီး ကျန်ကိုယ်စားလှယ်လောင်းများအတွက် တိုင်းရင်းသားများကိုဖိတ်ခေါ်ထားသည်ဟုဆိုသည်။
"မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဆုံးကလုံခြုံရေးဖြစ်ပါတယ်။ ပါတီတစ်ခုကိုကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူကြားထဲဆင်းတဲ့အချိန်မှာ သာမန်ပြည်သူလူထုတွေ ရှိနိုင်သလို ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေရှိမယ်။ သူတို့ကလုံခြုံရေးကို ပျက်ပြားအောင်လုပ်မယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်နိုင်ငံရေးပါတီကဖြစ်ဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်။ အဖျက်အမှောင့်လုပ်ချင်တဲ့သူတွေလည်းရှိတဲ့ အခါကျတော့ လုံခြုံရေးအရစိန်ခေါ်မှုတော့များပါတယ်။ ဒါကကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြည်သူလူထုထိတွေ့မှု အပေါ်မှာ စိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်" ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောသည်။
ယခုလဇူလိုင် ၁၁ ရက်တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုင်းငေါင်းဆိုင်ဟိန်းသည် တောင်ယာခြံအတွင်းလုပ်ငန်းများလုပ်ကိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်ဖြစ်စဉ်မျိုးရှိခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးစိုးရိမ်ရသောအခြေအနေများကြောင့် မဲဆွယ်စည်းရုံးခြင်းကို အွန်လိုင်းအသုံးပြု၍ဒီဂျစ်တယ်နည်းလမ်း၊ မီဒီယာများမှတစ်ဆင့်စည်းရုံးခြင်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - PPP
#ပြည်တွင်းသတင်း

image