1 ပတ် - ဘာသာပြန်ပါ။

လီယွန်နယ် မက်ဆီ နဲ့ ဂျော်ဒီအယ်လ်ဘာတို့ဟာ မက္ကဆီကိုလိဂ် All-Star အသင်းနဲ့ ကစားမယ့် မေဂျာလိဂ် All-Star အသင်းစာရင်းမှာ ပါဝင်ခွင့် မရရှိတော့တဲ့အပြင် မေဂျာလိဂ်ပွဲစဉ် ၁ ပွဲ ပွဲပယ်ခံရနိုင်တယ်လို့ ဖော်ပြလာခဲ့ပါတယ် ။ အင်တာမိုင်ယာမီအသင်းမှာ ပုံစံကောင်းတွေပြသနေတဲ့ မက်ဆီ နဲ့ အယ်လ်ဘာတို့ဟာ MLS All-Star အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ် ။ ဒါပေမယ့် ပွဲကြို လေ့ကျင့်ခန်းအစီအစဉ်ကို မရောက်လာခဲ့ကြပါဘူး ။
မေဂျာလိဂ်ရဲ့ စည်းမျဉ်းတွေအရ All-Star ပွဲအတွက် လေ့ကျင့်မှုလာရောက်မပြုလုပ်သူတွေကို ပွဲကစားခွင့် မပေးဘူးလို့ သိရပါတယ် ။ ဒါ့အပြင် ပြိုင်ပွဲအပေါ် လေးစားမှုမရှိဘူးလို့ ယူဆတာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်ချေလည်း ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် နောက်ဆုံးကစားတဲ့ ၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားပါတယ် ။

image