#ငါးဖယ်ချဥ်လုပ်နည်း
ငှက်ပျောရွက်ကိုပျော့အောင်လို့ ရေနွေးဆူဆူထဲ
၂ မိနစ်ခန့်ထည့်ပြုတ်ပြီး ရေစစ်ထားပါ
ငါးဖယ်ခြစ်တစ်ပုံ ထမင်းပျော့ပျော့တစ်ပုံ ဆတူပုံ
ငါးဖယ်ခြစ်ထဲကိုဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်
ထမင်းပျော့ပျော့အပုံထဲကိုလည်းဆားတစ်ဇွန်းထည့်
ပြီးရင်ငါးဖယ်ခြစ်နဲ့ဆားကိုနှံအောင်နယ်
ထမင်းပျော့နဲ့ဆားကိုနှံအောင်နယ်
ပြီးရင်အဲ့နှစ်ပုံစလုံးကိုပြန်ရောပြီး နှံအောင်ရောနယ်
ဌက်ပျောရွက်ထဲကို နယ်ထားတာတွေထည့်
အထုပ်လေးဖြစ်အောင်လုပ်
နှီးကြိုးနဲ့ကျစ်အောင်ထုပ်ပြီးစည်း
အလေးတစ်ခုခုနဲ့ဖိပြီး အထုပ်ကိုမှောက်လျက်ထားပါ
နေကောင်းကောင်းပူရင် ၄ရက်ဆို ပန်းရောင်လေးသန်းပြီး
စချဥ်ပါပြီ
စားကောင်းအာဟာရဖြစ်ကြပါစေ
