ကြာဇံချက် ပူပူလေး နှင့် ရှောက်သီးသုပ်
-----------------------------------------
သင်္ကြန်ပိတ်ရက်တွင်း လုပ်စားနိုင်ဖို့ ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်ကို တူတူ ချက်ကြည့်ရအောင်…
-----------------------------------------
ပါ၀င်ပစ္စည်းများ

ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)

ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
-----------------------------------------
ပြင်ဆင်ရန် ပါ၀င်ပစ္စည်းများ

ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
နံနံပင် – စည်း၀က် (ပါးပါးလှီးပါ)
သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
ငါးငံပြာရည်
-----------------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။

၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။

၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။

၄။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။

၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။

၅။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။

၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။

ရ။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။
-----------------------------------------
ချက်ပြုတ်နည်း

၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။

၂။ ဆူလာလျှင် ကြက်သား၊ မှုိခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။

၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တုိ့ကို ထည့်ပြီ ေ၇ာမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

၄။ စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…

မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။
-----------------------------------------
ရှောက်သီးသုပ်

ရှောက်သီး – ၂လုံး (အခွံနွာ၊ အစေ့ထုတ်ပြီ ရှောက်သီး နွှာယူပါ)
မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းထားပါ)
ကြက်သွန်နီ – ၆လုံး (ပါးပါးလှီးပါ)
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)
ဆား – စားပွဲတင်ဇွန်း တ၀က်
သကြား – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
-----------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။

၂။ သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနုယ်ပြီ အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေး နှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်”
--------------------------------------

image