15 w - Translate

နောင်ချို- ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်းကြီး ပြန်လည်ဖွင့်လှစ်နိုင်

ထိုလမ်းကြောင်းကြီး ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်သောကြောင့် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာအနီးရှိ Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများကို ငလျင်သင့်ဒေသများသို့ လွယ်ကူစွာ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်မှုနှင့်အတူ ယမန်နေ့ (ဇူလိုင်၂၀)က Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ တင်ဆောင်လာသော မော်တော်ယာဉ် ၅၉ စီးသည် ၁ စီးလျှင် ၃၃ တန်ဖြင့် စုစုပေါင်း ၁၉၄၇ တန် (စုစုပေါင်း ဘိလပ်မြေ ၃၆,၅၈၀ အိတ်)တို့ကို မန္တလေးမြို့နယ်သို့ သွားရောက်ပို့ဆောင်ပေးနေကြောင်းလည်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးနိုင်မှုကြောင့် နဂိူထုတ်လုပ်လျက်ရှိသော ဘိလပ်မြေအိတ်အရေအတွက် ပိုမိုများပြားလာမည်ဖြစ်ကာ စျေးမြင့်တက်မှုရှိနေသည့် ဘိလပ်မြေစျေးလည်း အထိုက်အလျောက် လျော့ကျနိုင်မည်ဟု သိရသည်။

လက်ရှိတွင်လည်း အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်းတချို့ ပြန်ရောက်လာကာ ဝန်ထမ်းအဆောက်အဦးများကို ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်းလည်း သိရသည်။

image