ဦးဇော်ဇော်စိုး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထိုင်းဘုရင်ထံ ခန့်အပ်လွှာပေးအပ်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လွှာကို ထိုင်းဘုရင့်နန်းတော်၌ ထိုင်းဘုရင်မင်းမြတ် မဟာ၀ချီရာလောင်ကွန်းထံ သံအမတ်ကြီး ဦးဇော်ဇော်စိုးက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဇော်ဇော်စိုးကို ခန့်အပ်ကြောင်း ( မတ် ၂၅)ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်မယူစဉ်က သူသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သေးသည်ဟု သိရသည်။
ထို့အပြင် သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသေးသည်။
