ပုဇွန်ဆိတ်ဆီပြန်ချက်
ချက်နည်းလေးကလည်း အဆင့်မများဘဲ အရမ်းမြန်သောပါနော်
ပုဇွန်ဆိတ်ဖွားထက် အရွယ်နည်းနည်းကြီးတဲ့ပုဇွန်ဆိတ်လေးတွေကို ရွေးပြီး ချက်ထားတာပါ
ပုဇွန်ဆိတ်လေးတွေကို သန့်စင်ပြီး အရသာနယ်ထား
ကြက်သွန်နီ ပါးပါးလှီး မီးအပူသင့်သင့်နဲ့ ဆီသပ်
အရောင်ရဲခါနီးလာရင် ကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးတွေ ထည့်မွှေ၊ မွှေးလာရင် ခရမ်းချဉ်သီး လှီးထားတာလေးတွေ ထည့် လုံးပြီး ခရမ်းချဉ်သီး အစိမ်းနံ့ပျောက်တာနဲ့ အရသာနယ်ထားတဲ့ပုဇွန်ဆိတ်လေးတွေထည့် ပုဇွန်ဆိတ်လေးတွေ ကွေးလာပြီး ခရမ်းချဉ်သီးလေးတွေ လိပ်ပြီး အနှစ်လေးတွေ ကပ်ကပ်မွှေးမွှေးလေးရလာတာနဲ့ အခုလို စားချင်စဖွယ် ပုဇွန်ဆိတ်ဆီပြန်လေး ရပါပြီရှင်🤗