ရောက်နေတဲ့ လမ်း မှားမှန်းလည်း သိပါတယ်
မင်းတို့ပြောသလို နွားမှန်းလည်း သိပါတယ်။

ငါ ရှေ့လည်းမတိုးတော့ သလို
နောက်လည်း မဆုတ်ချင်ဘူး။

မပိုင်ဆိုင်ရတဲ့ အတူတူ
အူအူလေး ‌အော်တဲ့ ခွေးလို
သခင်ရှိရာအရပ်လေး
ငေးငေးလေး ဆွေးတော့မယ်။ ။

- တာရာညို