အမေရဲ့ ကင်မ်ချီလုပ်နည်းလေးပါရှင့်! 🇰🇷
ဒီချက်နည်းက လုပ်ရလွယ်ကူပြီး ကိုရီးယားအရသာစစ်စစ်လေးရရှိစေမှာပါ~.........
စမ်းလုပ်ကြည့်လိုက်နော်~..........
၁။ မုန်ညင်းပြင်ဆင်ခြင်း
* မုန်ညင်း ၂ ကီလိုဂရမ် 🥬
* လှီးပြီးရင် ဆား လက်နှစ်ဆုပ်နဲ့ နယ်ပါ။
* ၂၀ မိနစ်တစ်ကြိမ် မုန်ညင်းကို လှန်ပေးပြီး ဆားနှံ့အောင်
လုပ်ပါ။ မုန်ညင်းတွေ နွမ်းသွားတဲ့အထိ လုပ်ပါ။
ခန့်မှန်းခြေ ၁ နာရီခန့် ကြာပါမယ်။ ⏰
မုန်ညင်းတွေ နွမ်းသွားရင် ရေတစ်ကြိမ် ဆေးပြီး
ရေစစ်ထားပါ။ 💧
၂။ ကင်မ်ချီဆော့စ် (ကောက်ညှင်းမှုန့်အခြေခံ) ပြုလုပ်ခြင်း
* ကောက်ညှင်းမှုန့် ၃၀ ဂရမ် 🍚
* ရေ ၄၀၀ ml 💦
* 🔥 အားလုံးရောပြီး မီးဖိုပေါ်တင် ကောက်ညှင်းမှုန့် သေ
ချာကျက်တဲ့အထိ မွှေပေးပါ။
အအေးခံပြီးမှ သုံးပါနော်။
၃။ အချဉ်ရည်ပစ္စည်းများ ရောကြိတ်ခြင်း
* ပန်းသီး ၁၅၀ ဂရမ် 🍎
* ကြက်သွန်နီ ၁၅၀ ဂရမ် 🧅
* သစ်တော်သီး ၁၅၀ ဂရမ် 🍐
* ကြက်သွန်ဖြူ ၅၀ ဂရမ် 🧄
* ချယ်ရီသီးချဉ်ရည် (ပြင်းရည်) ၆၀ ဂရမ်
(မရှိပါက 👉 ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း + သံပုရာရည်
စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ အစားထိုးနိုင်သည်)
* ငါးငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း 🐟
* ပုစွန်ငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်း
(မရှိပါက ငါးငံပြာရည် ၁ ဇွန်း ထပ်ထည့်နိုင်သည်)
* ဆား စားပွဲတင်ဇွန်း ၁ ဇွန်း 🧂
* သကြား စားပွဲတင်ဇွန်း ၂ ဇွန်း 🍬
* ချင်းစိမ်းနုတ်နုတ်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း 🌱
* 🌀 အားလုံးကို ရောပြီး သေချာညက်တဲ့အထိ ကြိတ်ပေးပါ။
၄။ အားလုံးရောစပ်ခြင်း
အဆင့် ၂ က (ကျက်ပြီးသား ကောက်ညှင်းမှုန့်ရည်) နဲ့ အဆင့် ၃ က (ကြိတ်ထားသော အချဥ်ရည်ပစ္စည်းတွေ) နဲ့ ရောမွှေပါ။
အားလုံးရောမွှေပြီးနောက်........
* ကိုရီးယားငရုတ်သီးမှုန့် ၁၀၀ ဂရမ် (အနီရောင်)
* ပင်စိမ်း လက်တစ်ဆုပ်စာ 🌿 တို့ထည့်ပါ။
ပြီးရင် ပြင်ဆင်ထားတဲ့ မုန်ညင်း 🥬 ထည့်ပါ။
အားလုံးကို သမအောင် ရောမွှေပြီးရင် အရသာမြည်းကြည့်ပါ။
အနည်းငယ်ငံနေရင် အဆင်ပြေပါပြီ။ ✅
အချိုမှုန့်ကိုတော့ ကြိုက်နှစ်သက်သလို ထည့်နိုင်ပါတယ်။
၅။ အနားပေးပြီး သိမ်းဆည်းခြင်း
* ဗူးထဲထည့်ပြီး 🫙 ၂ နာရီလောက် အနားပေးပါ။
ပြီးမှ ရေခဲသေတ္တာထဲ ထည့်သိမ်းပါ ❄️
* > ကင်မ်ချီက ချဉ်လာမှ စားရင် ပိုပြီးအရသာရှိပါတယ် 🥢
💡 မှတ်ချက်.......
* မစားခင် ကင်မ်ချီကို အမြဲတမ်း မွှေပေးပါနော်။ 🌀
* ချိုတာ၊ ငံတာ ဒါမှမဟုတ် အေးဆေးတဲ့ အရသာကို
ကြိုက်ရင် ကိုယ်ကြိုက်သလို ပြင်ဆင်ချိန်ညှိနိုင်ပါတယ် 😊
🥰 အားလုံးကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆောက ဒီချက်နည်းကို အပြည့်အစုံ မျှဝေပေးထားပါတယ်။
လုပ်ကြည့်ပြီး အရသာရှိတယ်ဆိုရင် မှတ်ချက်ပေးပြီး ပြောပြဖို့ မမေ့ပါနဲ့နော်~......
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင့်။ 💖🙏