ရောဂါမျိုးစုံကိုကာကွယ်ပေးတဲ့ <<
🍀 စွယ်တော်ရွက်ဟင်းချို၏ကောင်းကျိုးများ <<
* စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။
* စွယ်တော်ရွက်က ဟင်းချိုလည်းချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်းအရမ်းကောင်းပါတယ်
* ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။စားနိုင်သလောက်ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။
မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။
ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။
စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်း ၊စားသုံးနိုင်သည်….။
အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း ၊ အကျိုးများ ရရှိစေပါသည်….။
စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်…။ ဝမ်းကို ချုပ်စေတက်သည်…။ သလိပ်နာ ၊ လေနာကို နိုင်၏…။
အဝါပွင့်သည် ဖန်၏…။ စွယ်တော် အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၍ ပေါက်သော အနာကို နိုင်၏။
နို့ရည်ကို ပွားစေတက်သည်…။
စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊ အသည်းရောင် အသားဝါဖြစ်ခြင်း စသည့်ရောဂါများ ပျောက်သည်…။
ခရမ်းရောင်သည် သွေးအညစ်အကြေးကို ပယ်စွန့်၍ မီးယပ်သွေးဆုံးပျောက်သည်…။
အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာ စေသည်…..။
အဆစ်ရောင်ရမ်းခြင်း ၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်…။
အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်….။
ရေငတ်ခြင်းကို ပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်….။
စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်း ညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်…။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

image