#ကြက်ခွေးတောက်သောက်ဆမ်းနှင့်ငရုတ်သီးသုပ်ချက်နည်း



ငယ်ငယ်က စားခဲ့ရတဲ့ ခွေးတောက်ရွက်အဖူးလေးတွေပါတဲ့ ခွေးတောက်ရွက် နုနုလေးတွေကို အရမ်းလွမ်းမိပါတယ်။ ယခုခေတ်မှာလို စိုက်ပျိုးထားတဲ့ ခွေးတောက်ရွက် ဖားဖား အရွက်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ သဘာဝအလျောက်ပေါက်တဲ့ ခွေးတောက်ပင်ကရတဲ့ ခွေးတောက်ရွက်နုနုလေးတွေကိုပဲ ကျွန်တော်တို့ စားခဲ့ရပါတယ်။ ခွေးတောက်ရွက်ကို ကြော်ချက်ချက်စားကြသလို ဒီခေတ်မှာတော့ နာမည်ကြီးလာတဲ့ ခွေးတောက်သောက်ဆမ်းပေါ့။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြက်ခွေးတောက်သောက်ဆမ်းလို့ မခေါ်ပါဘူး။ ကြက်သားရည်ချိုလို့ ခေါ်ပါတယ်။ ကြက်သား ရည်ချိုချက်ပြီးမှ ခွေးတောက်ရွက်ခတ်တဲ့ဟင်းပါ။

ကြက်ခွေးတောက်သောက်ဆမ်းအတွက် ပါဝင်ပစ္စည်းများ

ကြက်သား – ၄၀ဝ ဂရမ်

ခွေးတောက်ရွက် – ၂ စည်း

ငံပြာရည် – စားပွဲဇွန်း ၁ ၁/၂ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သားမှုန့် – အနည်းငယ်

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်နီ – ၃ ဥ

ကြက်သွန်ဖြူ – ၆ မြွှာ

ရေ – ၈၀ဝ မီလီလီတာ

ဆီ – အနည်းငယ်

ပြုလုပ်နည်း

၁။ ကြက်သားအနေတော်အရွယ်တုံးပြီး ဆား၊ နနွင်း၊ ငံပြာရည်၊ ကြက်သားမှုန့်တို့နှင့် ရောနယ်၍ ချက်မည့်အိုးထဲ ထည့်ပါ။

၂။ အိုးကို မီးဖိုပေါ်တင်၍ ဆီထည့်ပြီး လုံးချက် ချက်ပါ။

၃။ ကြက်သားထဲမှ ထွက်လာတဲ့ ရေကုန်ပြီဆိုလျှင် ရေထည့်၍ အဖုံးဖုံးပြီး ချက်ပါ။

၄။ ကြက်သားချက်နေစဉ်အတွင်းမှာ ခွေးတောက်ရွက်ကို ြွေခပြီး ရေဆေးထားပါ။ ပြီးလျှင် ခပ်ကြမ်းကြမ်းလေး လှီးထားပါ။

၅။ ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သားအိုးထဲ ထည့်ပါ။

၆။ ကြက်သားနူးပြီဆိုလျှင် ခွေးတောက်ရွက်ခတ်ပြီး ဆက်၍ ချက်ပါ။

၇။ ခွေးတောက်ရွက် နွမ်းသွားပြီဆိုလျှင် အပေါ့အငန်မြည်းပြီး အဆင်သင့်ဖြစ်ပါပြီ။



ငရုတ်သီးသုပ်အတွက် ပါဝင်ပစ္စည်းများ

ငရုတ်သီးစိမ်း – ၁၅ တောင့်

ကြက်သွန်နီ – ၂ ဥ

ကြက်သွန်ဖြူ – ၃ မြွှာ

မြေပဲလှော် – စားပွဲဇွန်း ၁ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ – စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ ငရုတ်သီးစိမ်းကို မီးကင် (သို့) လှော်ပါ။

၂။ မြေပဲလှော်ကို ထောင်းပါ။

၃။ လှော်ထားတဲ့ ငရုတ်သီးစိမ်းကို ထောင်းပြီး ဆားထည့်၍ ထောင်းပါ။

၄။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပါ။

၅။ ပြီးလျှင် အသုပ်သုပ်မည့်ပန်းကန်လုံးထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထောင်း၊ မြေပဲထောင်းနှင့် ဆီတို့ကိုထည့်ပြီး နယ်ပါ။

image