အသ၊က်အန္တရာယ်ရှိနိုင်လို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း //

နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ပြီး(သေ)တယ်ဆိုတဲ့ Danger triangle of the face အကြောင်း လွန်ခဲ့တဲ့ 7/8 နှစ်လောက်ကတည်းက သတင်းတစ်ပုဒ်မှာဖတ်ခဲ့ဖူးလို့ triangle နေရာဆို လုံးဝမညှစ်ရဘူးဆိုတာ သိထားဖူးတယ်

အခုလည်း အဲ့လိုဘဲ ပုံစံတူ မြန်မာပြည်မှာ triangle နေရာမှာထွက်တဲ့ဝက်ခြံကိုပွတ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ဆုံးတယ်ဆိုတဲ့သတင်း ဒီနေ့ဘဲထပ်တက်လာပြန်တယ်

✔️အဲ့ဒါကြောင့် ဒီနေ့ Danger triangle on the face အကြောင်းပြောပြပါမယ် ၊ ဒီနေရာကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်

•ပုံထဲမှာပါသလို နှာခေါင်းအပေါ်ဘက်ထိပ်ကနေ နှုတ်ခမ်းနှစ်ဖက်အစွန်းနေရာထိ တြိဂံပုံပေါ်နေတဲ့နေရာကို အန္တရာယ်ရှိတဲ့ zone အဖြစ် DTOTF လို့သတ်မှတ်ပါတယ်

✔️ Danger Triangle Of The Face နေရာမှာရှိတဲ့သွေးကြောတွေက ဦးနှောက်ထဲက Cavernous sinus လို့ခေါ်တဲ့ venous drainage system (သွေးလွှတ်ထုတ်မှုစနစ်)ရှိတဲ့နေရာနဲ့ တိုက်ရိုက်ချိတ်ဆက်နေလို့ပါ

[ ပုံထဲမှာပြထားပါတယ် ၊ သေချာကြည့်ကြည့်ပါ ]

အဲ့ဒါကြောင့် DTOTF နေရာမှာပေါက်တဲ့ ဝက်ခြံကိုညှစ်မိလို့ အတိမ်နက်သွားခဲ့ရင် အမြင်အာရုံကွယ်တာဖြစ်နိုင်သလို ၊ ဦးနှောက်ထဲပိုးဝင်ပြီး အသ၊က်ဆုံးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

🔺DTOTF ကိုအကျဉ်းချုပ်ပြန်ပြောရရင် Triangle နေရာမှာပေါက်တဲ့ဝက်ခြံတွေကို မညှစ်ပါနဲ့

image