ငလျင်လှုပ်ခတ်မှုပြန်စိတ်လာ ယနေ့တွင်လည်း(၄) ကြိမ်လှုပ်ခတ်ထား

အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်၌ ငလျင်ငယ်များဆက်တိုက်နီးပါးလှုပ်ခတ်ခဲ့ရာမှ ပြီးခဲ့သည့်လအတွင်းက လှုပ်ခတ်မှုလျော့ကျခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှုပြန်စိတ်လာခဲ့ရာ ယနေ့ ဇူလိုင် ၁၄ ရက်(တစ်ရက်တည်း)တွင် (၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်များအရ သိရသည်။

နံနက် ၀၀ နာရီ ၁ မိနစ် ၄၁ စက္ကန့်က ဝမ်းတွင်းမြို့၏ အရှေ့-အရှေ့ မြောက်ဘက်(၁၇)မိုင်ခန့်အကွာ အနက် (၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ ရက်နံနက် ၇ နာရီ ၄ မိ နစ် ၆ စက္ကန့်က မိုင်းခတ်မြို့၏ အနောက်မြောက်ဘက်(၁၁)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၉ ဒသမ ၃၃)ဒီဂရီ၊ အနက်(၁၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၄ နာရီ ၆ မိနစ် ၇ စက္ကန့်ကလည်း မတ္တရာမြို့၏ မြောက်ဘက်(၈) မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ထီးချိုင်းမြို့၏ တောင်-အရှေ့ တောင်ဘက်(၂၂) မိုင်ခန့်အကွာ အနက် (၁၁)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု နံနက် ၃ နာရီ ၃၃ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက်ည ၁၁ နာရီ ၁၈ မိနစ် ၅၃ စက္ကန့်တွင်လည်း ပုသိမ်ကြီးမြို့၏ အရှေ့-အရှေ့ မြောက်ဘက်(၆) မိုင်ခန့်အကွာ အနက်(၁၉)ကီလို မီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image