23 နာရီ - ဘာသာပြန်ပါ။

ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်🌶

ကြက်ခြေထောက် တွေကိုအရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား..ပြီးရင်အအေးခံ..
ပြီးတော့အနေတော်လေးတွေခုတ်ထား.....
ရခိုင်ငါးပိစိမ်းစားအကောင်းစားလေးနည်းနည်းထည့်
ကြက်သွန်ဖြူ သုံးမွှာလောက် ..
🌶ငရုတ်သီး စိမ်းကတော့.မိမိတို့အစပ်စားနိုင်သလောက့်...
အားလုံးကိုမီးကင်ပြီး.အရသာမူန့်လေးအနည်းငယ်ထည့်ပြီးရောထောင်းထား...
ကြက်သွန်နီနှစ်လုံးအခွံနွှာပါးပါးလှီးရေဆေးပြီးစစ်ထား..

သုပ်မယ်ဆိုလျှင်..

ပန်းကန်ထဲမှာ ကြက်ခြေထောက် ပြုတ်ပြီးသားတွေရယ်.
ငါးပိထောင်းထားတာရယ်.ကြက်သွန်နီ
ပါးပါးလှီးထားတာရယ်..သံပုရာသီး တစ်ခြမ်းလောက်ညစ်ထည့်မယ် အရသာမူန့်နဲ့ငံပြာရည်အနည်းငယ်..နံနံပင်.
ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးရောသုပ်လိုက်ရင်
ရှူးရှူးရှဲရှဲ ကြက်ခြေထောက်ရခိုင်သုပ်ကိုရပါပီ...
ဆီမကုန်.ထမင်းမြိန်တဲ့.ဟင်းတစ်ခွက်ပေါ့နော်...

😉Credit....

image