#ဆီမပါတဲ့အသီးစုံတောင်ယာဟင်းလေး

ပုဇွန်လေးနဲ့စားချင်လို့ပုဇွန်ပါထည့်ထားပါတယ်

ပုဇွန်ဆယ်လောက်လောက်ခေါင်းဖြတ်အခွံခွာပြီးရေဆေးသန့်စင်ထားပါ
ကိုယ်ကြိုက်တဲ့အသီးအရွက်အသီးအနှံတွေကိုဖြတ်တောက်ပြီးရေဆေးသန့်စင်ထားပါ

ကျွန်မကတော့ ရွှေ့ဖရုံသီးလေးတစိတ်၊ခဝဲသီးနဲ့ဗူးသီးလေးနည်းနည်း၊မှိုကျန်တာလေးနည်းနည်းနဲ့ပြောင်းဖူးလေးပါထည့်ထားပါတယ်

ငရုပ်သီးစိမ်းငါးတောင့်(စပ်စပ်လေးစားချင်ရင်ပိုထည့်ပါ)၊

ကြက်သွန်နီးတလုံး၊ငရုပ်ကောင်းစေ့ဆယ်စေ့လောက်၊ပုဇွန်ခြောက်မုန့်တဇွန်း၊ငပိစိမ်းစားအနည်းငယ်၊ ဆိတ်ဖူးဥကြိုက်ရင်တမွာလောက်ထည့်ပြီးအားလုံးရောထောင်းထားပါ

ပြီးရင်ကိုယ်လိုချင်သလောက်ရေထည့်ပြီးဆူအောင်တည် ဆူလာရင်ထောင်းထားတာတွေထည့်ပါ

ပြီးရင်ရွှေဖရုံသီး ကျက်တာကြာမဲ့ဟာကိုအရင်ထည့်ပါ

ပြီးမှပုဇွန်နဲ့ကျန်တဲ့အသီးအရွက်တွေထည့် ကြက်သားမုန့်အနည်းငယ် နဲ့ဆားလေးထည့်ပြီးအရသာလေးမြည်းပါ အသီးအရွက်တွေအားလုံးနူးရင်ပင်စိမ်းလေးအုပ်ပြီးစားလို့ရပါပြီရှင်
ပူပူစပ်စပ်လေးနဲ့စားကောင်းတဲ့ဟင်းလေးပါရှင်

Crd

image