မင်း ငါ့ကို ဘယ်တော့မှ နားလည်လာမှာမဟုတ်ပါဘူး ဆိုတာ
အဆင့်မြင့် လမ်းခွဲစကားလား ။
မတော်တဆ လမ်းမှာတွေ့ရင်
ပြုံးပြဖို့မလိုတော့ဘူးလား ။
အရင်လို စကားတွေအများကြီး မပြောတော့ဘဲ
တိတ်ဆိတ်သွားတဲ့သူကို တွေ့ရင်
ကြင်နာပါ ။
လူကျဲကျဲကော်ဖီဆိုင်ထဲက ချောင်ကျကျစားပွဲတစ်လုံးမှာ
တစ်ယောက်တည်းထိုင်နေတဲ့သူကို တွေ့ရင်
အလိုက်သိပါ ။
တကယ့်ဒဏ်ရာတွေဟာ ဘယ်လိုအသံနဲ့မှ
ထွက်မလာတော့ဘူး ။
- popophoenix