ထိုင်းနိုင်ငံ နှင့် တရားထိုင်ခြင်း
ထိုင်းလူမျိုးတွေ အပေါ်ဖြူ အောက်ဖြူဝတ်ပြီး
လူကြီး လူငယ်မရွေး သစ်ပင်တွေအောက်မှာ တရားတွေ
ထိုင်နေကြတာကို Thai ရုပ်သံတွေ
DMC လို Channel မျိုးတွေကနေတဆင့်
လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ၈ပေစလောင်းတွေခေတ်ထဲက
မြင်ဘူးနေတာ ကြာပါပြီ ။
အဒီထဲက ထိုင်းလူမျိုးတွေရဲ့ တရားထိုင်တဲ့ အလေ့အထကို စိတ်ဝင်တစား ရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာ ရဲဝတ်စုံတွေနဲ့စုပြီးထိုင်တာ
ကျောင်းသားဝတ်စုံတွေနဲ့စုပြီးထိုင်တာတွေ ကို
အင်တာနက်စာမျက်နှာတွေမှာလည်း တွေ့ရပါတယ် ။
ပြီးခဲ့တဲ့အပတ်က ကျန်တော့်ရဲ့ ထိုင်းခရီးစဉ်မှာ
ထိုင်းနိုင်ငံမှာ ဝိပသနာ အားထုတ်ကြတာနဲ့ပတ်သက်ပြီး
လေ့လာခဲ့သမျကို ပြန်ပြိး sharing လုပ်ပေးချင်ပါတယ်။
Meditation Culture at Thai Children
ထိုင်းနိုင်ငံက အစိုးရကျောင်းတွေမှာ
ထိုင်းကလေးငယ်တွေကို မနက်တကြိမ် ညနေတကြိမ်
တရားထိုင်ခြင်းကို အနည်းဆုံး ၅မိနစ်စီ ပြုလုပ်ရတယ်လို့
သိရပါတယ် ။
ဗုဒ္ဓဘာသာဝင်ဦးရေ ၉၀ ရာခိုင်နှုန်းရှိတဲ့ ထိုင်းနိုင်ငံမှာ
ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့နေ့အားလုံးကို
နိုင်ငံတော်ရုံးပိတ်ရက်တွေအဖြစ် သတ်မှတ်ထားပါတယ် ။
Meditation Certificate....
ပိုပြီး အံ့သြဘို့ကောင်းတာတခုက
Meditation Certificate ဆိုတဲ့ လက်မှတ်တစ်ခုပါ ။
ထိုင်းနိုင်ငံမှာ အစိုးရနဲ့ပတ်သက်တဲ့ ဌာနတွေမှာ ဝင်ရောက်
အလုပ်လုပ်ကိုင်လိုသူအားလုံးဟာ သက်ဆိုင်ရာအရည်အချင်း
ဘွဲ့လက်မှတ်တွေအပြင် Meditation Certificate ဆိုတဲ့
အချိန် ဘယ်၍ ဘယ်မျ တရားထိုင်ပြီးကြောင်း သက်သေခံထားတဲ့
လက်မှတ်ကိုပါ တောင်းခံပါတယ် ။
အဒီ Meditation Certificate က ဘွဲ့လက်မှတ်လိုပဲ
အရေးပါတဲ့လက်မှတ်တခုလို့သိရပါတယ် ။
တချို့ဌာနတွေဆိုရင် လတ်တလော တရားထိုင်ပြီးကြောင်း
အထောက်အထား ထပ်တောင်းပါတယ် ။
နောက်တခုက ရာထူးတစ်ခုကနေတစ်ခု
ဥပမာ ညွှန်မှုး အဆင့်ကနေ ဒုညွှန်ချုပ်အဆင့်ကို
တက်တော့မယ့်သူ ရာထူးတိုးဖို့ ရာထားခြင်းခံရသူဆိုရင်
အဒီရာထူးမတိုးခင်မှာ တရားမှတ်ချိန် အနည်းဆုံး
ဘယ်နှစ်နာရီ ဥပမာ တရားမှတ်ချိန် နာရီ ၂၀ ပြည့်မြောက်ကြောင်း
လက်မှတ်တစ်ခု ထပ်မံလိုအပ်တယ်
အဒီလက်မှတ်ကိုရအောင်လည်း
သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ပြီး
သတ်မှတ်တဲ့အချိန်အတိုင်း တရားထိုင်ပြီး
counter ဖြည့်ရတယ်လို့ပြောပါတယ် ။
ရာထူးတစ်ခုနဲ့တစ်ခုလည်း တရားထိုင်ဖို့ သတ်မှတ်ထားတဲ့အချိန်
ချင်း မတူညီပါဘူး. ရာထူးကြီးကြီးတိုးလေ တရားထိုင်ထားချိန် များများရှိရလေပါပဲ ။ တချို့ ဝန်ထန်းတွေ စုပေါင်းတရားထိုင်ကြတာတို့
ထိုင်းရဲတွေ စုပြီးထိုင်နေကြတဲ့ပုံတွေဟာ အဒီလို ဝန်ထမ်းတွေဖြစ်နေရက်နဲ့ တရားထိုင်ခြင်းကို အလုပ်ထဲမှာပါ ပါဝင်ပတ်သက်နေအောင် လုပ်ထားတဲ့ ထိုင်းဘုရင်ရဲ့ ဗုဒ္ဓသာသနာကို စောင့်ရှောက်ခြင်းထဲက တခုပါပဲ ။
ကျန်တော်တို့ ဗမာပြည်မှာတော့
တရားထိုင် တရားမှတ်တဲ့အလုပ်က
လူငယ်တွေဆိုရင် အူကြောင်ကြောင်တွေ
လျောက်လုပ်နေကြတယ်လို့
အထင်ခံကြရတဲ့ အနေအထားမှာ ထိုင်းမှာတော့
အစိုးရဌာန နိုင်ငံတော်အဆင့် နဲ့ Meditation Certificate လို
အစိုးရအလုပ်လိုချင်ရင် ရာထူးတိုးချင်ရင် မပြမနေရ လက်မှတ်တခု အဆင့်အထိ လုပ်ထားနိုင်တာဟာ
အားကျအတုယူဖို့ကောင်းပါတယ် ။
ဒီနေရာမှ remind လုပ်လို့ရတာတခုက
Meditation Certificate ကြီးရအောင် ယူထား
နာရီ ၂၀ တွေ တနေ့ တနာရီတွေ မှတ်ကြပြီး
ထိုင်းလူမျိုးတွေက
အကျင့်ပျက်ချစားတာတွေ
စိတ်ဓာတ်မကောင်းတာတွေ
တယောက်နဲ့တယောက် အတိုက်အခိုက်တွေ
နိုင်ငံရေး စိတ်ယုတ်စိတ်မာတွေကကော
လို့မေးစရာရှိပါတယ် ။
အဒီမေးခွန်းနဲ့ပတ်သက်လို့
လူပေါ်ပဲ မူတည်ပါတယ်လို့ပဲ ဖြေရမှာပါပဲ
ဘယ်လိုပဲပြောပြော
အလုပ်ရဖို့ Meditation Certificate လိုတယ်
Meditation Certificate ရဖို့ တရားမှတ်ချိန်ပြည့်မှီဖို့လိုတယ်
တရားမှတ်ချိန် ပြည့်မှီဖို့ တရားထိုင်ကိုထိုင်ဖြစ်သွားကြပါပြီ ။
အနည်းဆုံးတော့ ဝိပသနာ နဲ့ ဝိပသနာ ရှေ့ပြေး သမထ
တရားတွေနဲ့ နီးစပ်ဖူးသွားကြပါပြီ ။
ထပ်ပြီး ရာထူးတိုးချင်သူတွေအတွက် ထပ်ပြီးသတ်မှတ်ထားတဲ့
ထပ်တိုးနာရီတွေကို ပြည့်မှီအောင်ထပ်မံဖြည့်တင်းရလို့
ထပ်ပြီး တရားထိုင်ဖြစ်သွားပါပြီ ။
အဓိက လိုရင်း တရားထိုင်ဖြစ်ဖို့သာ လိုရင်းပါ ...
ဘာဖြစ်လာမှာမို့လို့လဲဆိုတဲ့မေးခွန်းက
ဗုဒ္ဓဘာသာမှာ မရှိပါဘူးလို့ပဲ ပြောပါရစေ ။
တရားထိုင်ဖြစ်ဖို့သာ လိုရင်းဖြစ်အောင်
Target ထားထားတဲ့အတွက်
တရားထိုင်ဖြစ်သွားကြတယ်
အဒီကမှ သူ့ဘာသာသူ စိတ်ဓတ်မကောင်းတာ
စိတ်ယုတ်စိတ်မာရှိတာ အကျင့်ပျက်ချစားတာတွေဟာ
သက်ဆိုင်ရာပုဂိုလ်ရဲ့ စိတ်နေစိတ်ထား ပြင်ဆင်မှု ရှိမရှိ
ဗုဒ္ဓအဆုံးအမတွေအတိုင်း လိုက်နာခြင်းရှိမရှိဆိုတဲ့အပေါ်
မူတည်သွားပါပြီ ။
ဘယ်သူမပြုမိမိမှုဖြစ်လို့ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ကြရမှာပါ
ဒါပေမယ့်လည်း ဒီလိုမျိုး တရားထိုင်ခြင်း အလေ့အထကို
ကျောင်းသားအရွယ် ဝန်ထမ်းအရွယ်တွေမှာ စိမ့်ဝင်အောင်
ထည့်သွင်းပေးထားတဲ့ စနစ်ကို တကယ်ကို လေးစားအတုယူ
ချီးကျူးမိပါတယ် ။
မှတ်ချက်....
ထိုင်းနိုင်ငံအတွင်း သာသနာပြန့်ပွားပုံနဲ့ပတ်သက်ပြီး
ပြောပြပေးတဲ့ မဟာချူလာလောင်ကွန်းက
မြန်မာဆရာတော်၂ပါးနဲ့ လိုက်ပို့ပေးတဲ့ ကားဆရာ မြန်မာအကို.
Meditation Certificate တကယ် ရှိမရှိ
confirmed check လုပ်ပေးတဲ့
ညီလေး နောင်မင်းမောင်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
