စပ်စပ်လေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင် ကြက်ကင်
(Som Tum Grilled Chicken) ချက်နည်း 🐣

ဒီကြက်ကင်က အရမ်းအရသာရှိပြီး ထိုင်းသင်္ဘောသီးထောင်း (Som Tum)၊ ထိုင်းဝက်သားသုပ် (Nam Tok) ဒါမှမဟုတ် မျှစ်ဟင်းရည် (Soup Nor Mai) တို့နဲ့ တွဲဖက်စားသုံးရင် အရမ်းလိုက်ဖက်ပါတယ်နော်....။😋

ပါဝင်ပစ္စည်းများ 👉.......
* ကြက်သား - ၁ ကီလိုဂရမ်
* တရုတ်ကြက်သွန်ဖြူ - ၅ မြွှာ
* နံနံပင်အမြစ် - ၃ မြစ်
* ထိုင်းပဲငံပြာရည် (Seasoning Sauce)- စားပွဲတင်ဇွန်း ၂ ဇွန်း
* အုန်းသကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
* ခရုဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
* ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး ၁ နာရီခန့် နှပ်ထားပါ။ အကယ်၍ အချိန်ရပါက ရေခဲသေတ္တာထဲတွင် တစ်ညလုံး နှပ်ထားခြင်းဖြင့် အရသာစိမ့်ဝင်ပြီး ပိုမိုအရသာရှိစေပါတယ်။ မီးသွေးမီးဖို သို့မဟုတ် ဓာတ်ငွေ့မီးဖိုဖြင့် ကင်နိုင်ပြီး အရမ်းအရသာရှိပါတယ်။

image