>ဖတ်ထားနော် တိုက်ဆိုင်ပါက
>လိုက်နာကျင့်သုံး
>ဘေးကင်းကြပါစေ

အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း

ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်
အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။

တကယ်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ။ဝမ်းသွားရင် သွေးပါတာ။ ညောင်းတာ။ မအီမလယ်နဲ့နေရတာ အရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား…

ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို အထဲက အသားကို ခြစ်ယူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel ပြန်ဖြစ်သွားတာ လက်တွေ့ပါဗျ သွေးတိုးသမားတွေအတွက်တော့ ဆေးကောင်းတလက်ပါဗျာ…။

ဒို့ကတော့ထက်ခြမ်းခွဲပြီး ဇွန်းနဲ့ခြစ် အနှစ်ယူကာ ပျားရည်နဲ့ ခေါက်သောက်ပါတယ်။ အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။

ရှားစောင်းလက်ပတ် ဆေးနည်းများစွာ ရှိပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။

ရှားစောင်းလက်ပတ် ၂၅ ကျပ်သား၊ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား၊ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား။ အထက်ဖေါ်ပြပါ ငါးမျိုးထဲမှရှေးဦးစွာ ထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပါ။ ထန်းလျှက်ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ ဆေးကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီး ကျိုပါ ။ ကြွက်မြီးတန်လို ပျစ်လာလျှင် ကျန်တာတွေထည့်ပြီး မီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါ။ ပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှ ချထားလိုက်ပါ။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီး သွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီးအသားအရည်ဝင်းပစေပါသည်။

– ရှားစောင်းလက်ပက်က အပင်ပါ။ လူတော်တော်များများ သိပါတယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ်။ အသားအရေအတွက် ကောင်းလို့အလှကုန် တော်တော်များများမှ ာပါပါတယ်။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။ အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို အာဟာရပေးပါတယ်။

အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ။ တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ ပြောမကုန်ပါဘူး။ ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ်။ ကြိုက်သလိုသုံးပါ။ စားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ်။

– ရှားစောင်းလက်ပတ်ကိုသုံးပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး မျက်နှာတွေ လက်တွေမှာ ပွတ်ရင် အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင် ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ် တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီး သံပုရာရည်လေးညှစ် ကြက်သွန်နီ ပုဇွန်ခြောက်မှူန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။

– ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ်။ရှားစောင်းလက်ပတ်က မြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။

– ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်။ လက်တွေ့ပါ…။

– နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…( တစ်ကယ်ပြောတာပါ )

– ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန်။ တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်းစပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည်။ ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်ဆတ်လေကောင်းလေပါ..။

– ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့ အရမ်းကောင်းတဲ့ဆေးပင်ပါ ။ ၃ခွက်လောက်သောက်တာနဲ့ ကျောက်တွေကျ လာတော့တာပါ..။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါတယ်

image