#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ချွန်ပူရီရှိ ကားအပိုပစ္စည်းစက်ရုံမှမြန်မာအလုပ်သမား ၂၇ ဦး လုပ်သက်နစ်နာကြေးမရဘဲ အလုပ်ဖြုတ်ခံရ
ထိုင်းနိုင်ငံ ချွန်ပူရီမြို့နယ် ဘန်းဘဲခရိုင်ရှိကားအပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦး လုပ်သက်နစ်နာကြေးမရဘဲ အလုပ်ဖြုတ်ခံခဲ့ရကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့မှ သိရသည်။
ဇူလိုင် ၈ ရက်မှစတင်ကာ အဆိုပါအလုပ်သမားများအား စက်ရုံပိတ်သိမ်းမည်ဟုဆိုကာ လုပ်ခတစ်လစာနှင့် အပိုငွေဘတ် ၅၀၀၀ ကို နစ်နာကြေးအဖြစ်ပေးခံရပြီး အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များအတွက် ထိုင်းဥပဒေအရ ဆဝါဒီ ကန်ရုံးများတွင် သွားရောက်တိုင်ကြားနိုင်ပြီး အချို့အလုပ်သမားများမှာ တိုင်ကြားခြင်းမလုပ်နိုင်သောကြောင့် နစ်နာသည့်အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင်ဘန်းဘဲခရိုင်ဖြစ်စဉ်အပြင် ချာချင်ဆောင်မြို့ရှိ မီးကြိုးဟောင်းစက်ရုံမှ မြန်မာအလုပ်သမား ၂ဝဝ ကျော်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်လိုက်ခြင်းကြုံခဲ့ရကြောင်း သိရသည်။
