7 w - Translate

စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသော ဖောင်းပြင်မြို့နေရာအချို့ရေဝင်

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၅)လက်မကျော်လွန်ရောက်ရှိနေပြီး မြို့တွင်းရှိ နေရာအချို့တွင် ရေဝင်နေကြောင်း သိရသည်။

ဖောင်းပြင်မြို့၏ ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ (၁၀)ရက် နံနက်ပိုင်းအချိန် တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် (၁၃၂၅) စင်တီမီတာအထက်သို့ (၅)လက်မ ကျော်လွန်ရောက်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြစ်ရေမြင့်တက်နေမှုကြောင့် ဖောင်းပြင်မြို့၏ ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး လက်ရှိရေအမှတ်အထက်သို့ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဖောင်းပြင်မြို့မိုးလေ၀သနှင့် ဇလဗေဒတိုင်းထွာရေး စခန်းတာ၀န်ခံထံမှ သိရသည်။

image