3 d - Translate

Nothing Phone (3) ရဲ့ အမိုက်စား Design အပြည့်အစုံ ထွက်ပေါ်လာပြီ! Camera Layout အသစ်က တော်တော်မိုက်ပါတယ်🔥
Tech လောကရဲ့ Design King လို့ပြောရမယ့် Nothing ရဲ့ Phone (3) Official Render ပုံတွေ ထွက်ပေါ်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ အရင် Phone (1) နဲ့ (2) ရဲ့ Design နဲ့မတူပဲ အပြောင်းအလဲ အကြီးကြီးတွေ လုပ်ထားတာကို တွေ့ရမှာပါ။
✨ ဘာတွေ အဓိကပြောင်းလဲသွားလဲ?
* Camera Layout : အရင်က ဒေါင်လိုက် Camera နှစ်လုံးတည်း ပုံစံကိုဖျောက်ပြီး၊ အခုတော့ ထောင့်မှာ ကင်မရာ ၃ လုံးနဲ့ လုံးဝကွဲထွက်တဲ့ ပုံစံသစ်ကို သုံးထားပါတယ်။
* Glyph Light : အရင်က Wireless Charging Coil ကို ဝိုင်းထားတဲ့ Glyph မီးတွေပျောက်သွားပြီး၊ Camera နားမှာပဲ Glyph မီးတွေကို ပုံစံသစ်နဲ့ ပြန်ထည့်ထားပါတယ်။ ပိုပြီး Minimalist ဆန်သွားတယ်။
Nothing ဟာ "Transparent" ဆိုတဲ့ သူတို့ရဲ့ Signature ကို မပျောက်စေဘဲ၊ "Playful" ဆိုတဲ့ ခံစားချက်ထက် "Professional" နဲ့ "Premium" ဆန်တဲ့ဘက်ကို ပိုပြီး ဦးတည်လာတာတွေ့ရပါတယ်။
မိတ်ဆွေတို့ရော ဒီ Design အသစ်ကို ဘယ်လိုမြင်လဲ? အရင် Phone (2) ရဲ့ ဒီဇိုင်းကို ပိုကြိုက်လား၊ အခု Phone (3) ရဲ့ ဒီဇိုင်းသစ်ကို ပိုကြိုက်လား?
Image Credit: Android Headlines

imageimage