23 w - Translate

အာဆီယံအစည်းအဝေးပြင်ပ၌ ရူဘီယိုက ဝမ်ယိနှင့် တွေ့ဆုံမည်

ဝါရှင်တန်၊ ဇူလှိုင် ၁၁

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချိန်ဇယားအရ သိရကြောင်း စပွတ်နစ်/ အာရ်အိုင်အေ နို‌ဗောစ့်စတီ သတင်းဌာနများ က ဖော်ပြခဲ့သည်။

ယူအက်စ် နိုင်ငံခြားရေး ဝန်ကြီး ရူဘီယိုသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် တရုပ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံခြားရေးရာ ကော်မရှင်ညွှန်ကြားရေးမှူး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ အချိန်ဇယား အရသိရသည်။

အစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၃ နာရီ (၀၇း၀၀ ဂရင်းနစ်စံတော်ချိန်)တွင် ကျင်းပမည်ဖြစ်သည်။

image