မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေး
လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန် အမျိုးသမီးဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်က ပြောသည်။
ထို့ပြင် သက်တမ်းလိုက်အသင်းများဖြစ်သည့် ယူ-၁၉ နှင့် ယူ-၁၇ အမျိုးသမီးအသင်းများ အောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်(၂၉) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုတွင်း ပွဲစဉ်တွင် တစ်ပွဲရှုံး နှစ်ပွဲနိုင်ဖြင့် နှုတ်ထွက်ခဲ့ရသည်။


