23 w - Translate

လရောင်ဟာ
ကမ္ဘာကိုနမ်းဖို့ ခွင့်တောင်းရဲ့လား။

ပျားကောင်လေးကရော
ပန်းကိုနမ်းဖို့ခွင့်တောင်းလို့လား။

ထိကရုန်းပင်လေးမျက်လွှာချတယ်ဆိုတာ
လေညင်းကျီစယ်လို့ပါ။

ဘာလို့စကားတွေအများကြီး ပြောနေဦးမှာလဲ
မင်းမျက်လုံးတွေ မှိတ်လိုက်တော့အချစ်။  

- ဆန်းကျော်စွာဝင်း