7 ပတ် - ဘာသာပြန်ပါ။

ဒေသတွင်း ဘေးအန္တာရာယ်တုံ့ပြန်ရေး တိုးမြှင့်လုပ်ဆောင်ရန်နှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသည့် အမျိုးသမီးများအတွက် သြစတြေးလျက ဒေါ်လာ(၁၀)သန်းထောက်ပံမည်

သြစတြေးလျ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒေသတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေးတိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပံ့ပိုးနိုင်ရန်အတွက် လူသားချင်းစာနာမှုအ ကူအညီ ထပ်တိုးဒေါ်လာ (၁၀) သန်းအား ပေးအပ်မည်ဖြစ်ကြောင်း ဇူလိုင်(၁၀)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

Australian Red Cross ၊ Australian Humanitarian Partnership တိုနှင့် လက်တွဲ၍ ဒေသခံ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် Red Cross National Societies တို့ ဒေသအတွင်း ဘေးအန္တရာယ်တုံပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆောတလျင် ကူညီလုပ်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ဒေါ်လာ (၆) သန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံက အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အကူညီနှင့်ဝန်ဆောင်မှုများပေးအပ်နိုင်စေရန် UNFPA ကတဆင့် ဒေါ်လာ(၄)သန်း ကူညီမည်ဖြစ်ပြီး စုစုပေါင်း ‌ဒေါ်လာ(၁၀)သန်း ထောက်ပံခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပံပိုးမှုများမှတဆင့် မိခင်၊ ကလေးနှင့် မွေးကင်းစစောင့်ရှောက်ရေးဆိုင်ရာ၊ ကျား-မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာအကူအညီများ ပေးအပ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image