***စူလာနဖာပင် ***
စူလာနဖာပင်ဟာ အပင်ငယ်၊ အပင်ပျော့မျိုးလေးဖြစ်ပါတယ်၊ ၄ လက်မ မှ ၁ ပေခန့်ထိမြင့်တက်ပါတယ်သေးငယ်တဲ့အဖြူရောင်ပွင့်လေးတွေပွင့်ပြီးပွင့်ဖတ်များဟာသေးငယ်ပြီးမထင်ရှားပါဘူး အရွက်ရင်းနဲ့ အဖျားမှာချွန်ပါတယ်။
..မြန်မာပြည်အနှံ့အပြားမှာပေါက်ပါတယ် သဲဆန်တဲ့မြေမျိုးမှာပေါက်တတ်တဲ့ သဘာဝပေါက်ပင်တမျိုးပါ။
.. ရုက္ခဗေဒအမည်နဲ့. Oldenlandia corymbosa Linn.
..မျိုးရင်းကတော့ RUBIACEAE ဖြစ်ပါတယ်.
..English အမည် Mintwort.
..ပါဠိ ဘာသာနဲ့. ကုနာသက၊ ရောဒနီ၊ စန္ဒယာဆ၊ ယဝါယ၊ ပပ္ပဋ စသည်ဖြင့်ခေါ်ဝေါ်ပါတယ်။
***အပင်ရဲ့ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။
စူလာနဖာပင်ရဲ့ပဉ္စငါးပါးအနည်းငယ်ကို ထန်းလျက် ၅ခဲလောက်နဲ့ကျိုပြီးသောက်ပေးရင် လေပူထခြင်း၊ လေအန်ခြင်းစတဲ့လေရောဂါတို့သက်သာပျောက်ကင်းပါတယ်။
စူလာနဖာပင်ကို အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ သုံးခွက်တခွက်တင်ကျိုပြီး မကြာခနသောက်ပေးရင် စအိုမှာပေါက်တတ်တဲ့ မက်ကလောင်နာများပျောက်ကင်းသလို ခန္ဓာကိုယ်တွင်းမှာရှိတဲ့အနာများ မန်းကြေပြီးသက်သာစေပါတယ်။
စူလာနဖာ၊ ခရမ်းကစော့ခါး၊ ဆင်တုံးမနွယ်၊ တို့ကိုသုံးခွက်တခွက်တင် ပြုတ်ပြီးသောက်ပေးရင် ကိုယ်တွင်းအပူများကျစေပြီး အနာမန်းများကြေစေပါတယ်။
စူလာနဖာနဲ့ စမုန်ညိုတို့ပေါင်းစပ်ပြီး သုံးခွက်တခွက်တင် ပြုတ်သောက်ပေးရင် နာတာရှည်အဖျားရောဂါပျောက်ကင်းပါတယ်။
စူလာနဖာကိုအမှုန့်ပြုလုပ်ပြီးလျက်ဆေးသဖွယ်စားပေးရင် ယားနာရောဂါများပျောက်ကင်းပါတယ်။
စူလာနဖာပြုတ်ရည်ဟာ ဆီးကိုရွှင်စေပြီးအသည်းရောင် အသားဝါရောဂါတို့ကိုသက်သာပျောက်ကင်းစေပါတယ်။
စူလာနဖာနှစ်ဆ နဲ့ ဣဿရမူလီ ၁ဆရောပြီးပြုတ်သောက်ပေးခြင်း ( သို့မဟုတ် ) ပျားရည်နဲ့စပ်ပြီးသောက်ပေးရင် တီဘီ ခေါ်ချောင်းဆိုးသွေးပါ အဆုတ်နာရောဂါနဲ့ သွေးအန်တဲ့ရောဂါတို့ပျောက်ကင်းပါတယ်
တန်ဆေးလွန်ဘေးကိုသတိပြုပါ
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်
ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါသည်
#ကျန်းမာရေးဗဟုသုတများ
