pH တိုင်းတာသည့် ကိရိယာများ မပါဘဲ မိမိအိမ်မှာ မြေဆီလွှာ pH စစ်ဆေးနည်း 🌱🌿
အယ်လ်ကာလိုင်း (ငန်) မြေဆီလွှာစစ်ဆေးနည်း ☘️
လိုအပ်သောပစ္စည်းများ - မြေဆီလွှာ တစ်ဇွန်း၊ ရှာလကာရည် (အဖြူ) တစ်ဇွန်း
စစ်ဆေးနည်း - မြေဆီလွှာကို ခွက်တစ်ခုထဲထည့်ပါ။
ရှာလကာရည် ထည့်ပါ။ အမြှုပ်ထလာရင် အဲဒီမြေဆီလွှာက အယ်လ်ကာလိုင်းဓာတ် (အငန်) ပါတဲ့ မြေဆီလွှာ ဖြစ်ပါတယ်။
အက်စစ်ဓာတ် (ချဉ်) မြေဆီလွှာစစ်ဆေးနည်း 🍀
လိုအပ်သောပစ္စည်းများ - မြေဆီလွှာ တစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ (အနည်းငယ်)၊ ရေ (အနည်းငယ်)
စစ်ဆေးနည်း - မြေဆီလွှာကို ရေအနည်းငယ်နဲ့ စိုအောင်လုပ်ပါ။ အပေါ်က မုန့်ဖုတ်ဆိုဒါ ဖြူးထည့်ပါ။
အမြှုပ်ထလာရင် အဲဒီမြေဆီလွှာက အချဉ်ဓာတ်ပါတဲ့ အက်ဆစ်ဓာတ် မြေဩဇာ ဖြစ်ပါတယ်။
မြေဆီလွှာ၏ pH ကိုသိရှိခြင်းဖြင့် ကိုက်ညီတဲ့ မြေဩဇာနှင့် အပင်များကို ရွေးချယ်စိုက်ပျိုးနိုင်ပြီး အပင်များ ကျန်းမာရေးကောင်းမွန်ကာ အထွက်နှုန်းတိုးစေပါတယ်! 🌿🌸