23 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးလုပ်ငန်းစဉ် စတင်ခွင့်ပြု
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် နိုင်ငံခြားသား(လူဟောင်း) အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဇူလိုင် ၉ ရက်မှစတင်၍ ခွင့်ပြုပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဗီဇာလျှောက်ထားရာတွင် အခက်အခဲပြဿနာကြုံတွေ့ရပါက သက်ဆိုင်ရာနယ်မြေရှိထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဌာန(ကျတ်ဟာငန်) ရုံးသို့ အမြန်ဆုံးအကြောင်းကြားရန် ထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့် ပါမစ်သက်တမ်းတိုးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အီလက်ထရွန်နစ်စနစ်ဖြင့် https://clmv2025.doe.go.th တွင် အလုပ်သမားများ၏ အချက်အလက်များကို ဖြည့်သွင်းလျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ လျှောက်ထားပြီးနောက် အီလက်ထရွန်နစ်စနစ်မှ ဦးစီးမှူး၏ ဒစ်ဂျစ်တယ်လက်မှတ်ရရှိမည်ဖြစ်ပြီး အဆိုပါလက်မှတ် (စာရွက်)ဖြင့် Calling Visa ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

image