လာမည့် (၅) ရက်စာ မိုးလေဝသ အစီရင်ခံစာ
================================
၁၃၈၇ ခု၊ ဝါဆိုလပြည့်ကျော် ၁ ရက်
==========================
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
======================
၁။ တိုင်းနှင့်ပြည်နယ်တို့၏ မိုးလေဝသအခြေအနေ
===================================
၁၁-၀၇-၂၀၂၅ ရက်နေ့အတွက် ခန့်မှန်းချက်
===============================
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

၁၂-၀၇-၂၀၂၅ ရက်နေ့အတွက် ခန့်မှန်းချက်
===============================
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

၁၃-၀၇-၂၀၂၅ ရက်နေ့အတွက် ခန့်မှန်းချက်
===============================
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

၁၄-၀၇-၂၀၂၅ ရက်နေ့အတွက် ခန့်မှန်းချက်
===============================
စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး ရှမ်းပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

၁၅-၀၇-၂၀၂၅ ရက်နေ့အတွက် ခန့်မှန်းချက်
===============================
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် နေရာကွက်ကျား၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

၂။ မြန်မာ့ပင်လယ်ပြင်အခြေအနေ
=========================
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိမည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၁၀) ပေခန့် ရှိနိုင်ပါသည်။

၃။ မေးမြန်းဖြေကြား မိုးလေဝသအခြေအနေများ
===================================
ယခင် (၅) ရက်တာအတွင်း မေးမြန်းထားသော မေးခွန်းများ မရှိခဲ့ပါ။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ...

ထူးခြားမိုးလေဝသသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲ Page အား Follow ပြုလုပ်ထားနိုင်ပါသည်။

တာဝန်ခံ
ဒေါက်တာ အောင်ဇော်ဦး (တာဝန်ခံဋ္ဌာနမှူး)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဗဟိုဋ္ဌာန

တွဲဖက်တာဝန်ခံ
ဒေါက်တာ စိုင်းခွန်အာကာ (စီမံညွှန်ကြားရေးမှူး)
မြန်မာနိုင်ငံကိုယ်စားပြုဋ္ဌာန
credit....

image