ဒီရက်ထဲ ...
အားငယ်လွယ်နေတယ် ထင်ပါတယ် ။
တစ်ခုခုုဆို ...
အမေသာ ရှိရင်ဆိုတဲ့
အတွေးတွေ ဝင်လာသလို
အဖေနဲ့သာဆိုရင်ဆိုပြီးတော့လည်း
အိမ်ကိုပဲ
လွမ်းနေမိတာ ။
အရင်နှစ်တွေကလိုပဲ
ပုံမှန်အတိုင်း ဖြတ်သန်းနေတယ်ဆိုပေမယ့်
ဒီရက်ထဲ ...
ပို အထီးကျန်နေသလို ခံစားနေမိတယ် ။
အိမ်မှာဆိုရင်လေ ဆိုပြီး
ပိုတွေးမိသလို
အရင်လို ...
ပြန်ချင်တဲ့အခါတိုင်း
လွယ်လင့်တကူ ...
အပြေးလေးပြန်သွားလို့
မရတော့တာကြောင့်
ပိုလွမ်းနေမိတယ် ထင်ပါတယ် ။