ဒါဟာ တကယ်ဖြစ်ခဲ့တာပါ။

ကပ္ပတိန် Capitan လို့အမည်ပေးထားတဲ့ ခွေး​လေးတစ်ကောင်ဟာ သူ့သခင်ရဲ့ ဂူမှာ ၆ နှစ်ကြာအောင် ညတိုင်း အိပ်ခဲ့ပါတယ်။

သူ့သခင် မိဂဲလ် Miguel ဟာ ဆုံးပါးသွားခဲ့ပါတယ်။ မိသားစုက ဈာပနမှာအလုပ်ရှုပ်နေတော့ ကပ္ပတိန် ပျောက်နေတာကို ချက်ခြင်းတော့ သတိမထားမိလိုက်ကြပါဘူး။
သတိရတဲ့အချိန်....
သူတို့ ကပ္မတိန်ကို နေရာတိုင်းမှာ လိုက်ရှာပါတယ်။ ကြော်ငြာတွေ ကပ်ခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို မတွေ့ခဲ့ပါဘူး။

တစ်ပတ်အကြာမှာတော့ သုသာန်မှာ ရှိနေတဲ့ လူအချို့က အုတ်ဂူပေါ်မှာ လဲလျောင်းနေတဲ့ ခွေးလေးတစ်ကောင်ကို သတိထားမိခဲ့ပြီး သုသာန်ဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပါတယ်။

သုသာန်ဝန်ထမ်းက ထူးစမ်းတဲ့ ခွေးလေးအကြောင်း အုတ်ဂူရဲ့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

သူတို့လည်း ပျောက်နေတဲ့ ကပ္ပတိန်လေးပဲ ဖြစ်မယ်လို့ တွေးပြီး ပြန်ခေါ်ဖို့ ချက်ချင်း ရောက်လာခဲ့ပါတယ်။ကပ္ပတိန်က သူ့သခင်ရဲ့ ဂူပေါ်မှာပါ။ သူတို့ အိမ်ကို ပြန်ခေါ်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ညတိုင်း သူဟာ အပြင်ထွက်ဖို့ တံခါးကို ကုတ်ခြစ်ပြီး ငိုယိုနေတတ်ပါတယ်။ဘယ်လိုမှ မတတ်သာလို့ ဖွင့်ပေးလိုက်ရင်လည်း မနက်ရောက်မှသာ အိမ်ကို ပြန်လာပါတယ်။

နောက်ပိုင်းမှာတော့ Capitan ဟာ ၃ မိုင်အကွာမှာရှိတဲ့ သုသာန်ကို လမ်းလျှောက်ပြီး သူ့သခင်ရဲ့ ဂူကို ညတိုင်း စောင့်ရှောက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုမျိုး ၇ နှစ်ကြာ ဖြစ်ပျက်ခဲ့ပါတယ်။

သချိုင်းစောင့်​ဖြစ်သူလည်း ညနေ ၆ နာရီ တိုင်း သခင်ဆီ အရောက်လာတတ်တဲ့ ခွေးလေး ကပ္ပတိန် ရောက်မှသာ သချိုင်းတံခါးကို ပိတ်လေ့ရှိခဲ့ပါတယ်။

သူဟာ မနက်ပိုင်း သုသာန်ဝန်ထမ်းရောက်လာပြီး တံခါးဖွင့်တဲ့အထိ တစ်ညလုံး ဂူကို စောင့်ပြီး အိပ်စက်ခဲ့ပါတယ်။

P.S : ကျွန်တော်တို့ နေထိုင်တဲ့ ဒီလောကကြီးထဲမှာ အချစ်စစ်ဆိုတာ တကယ် ရှိခဲ့ရင်.......ဒါပါပဲ! ❤️

(ဤဖြစ်ရပ်သည် အမှန်တကယ်ဖြစ်ခဲ့တာ ဖြစ်ပြီး ဓာတ်ပုံထဲမှာ သခင်အပေါ် သံယောဇဥ်ကြီးတဲ့ Capitan ကို တွေ့မြင်နိုင်ပါသည်။)

Credit.....

image