7 ပတ် - ဘာသာပြန်ပါ။

တစ်ခါတစ်လေကျတော့ ... ကျွန်တော်လဲ လွတ်လပ်ချင်တယ် ။
ပင်ပန်းနေပြီဆိုတဲ့အခါ
ပင်ပန်းနေပါပြီလို့ပြောပြီး
ကိုယ့်ကို ပင်ပန်းစေတဲ့ အရာတွေအားလုံးကို
ရပ်လိုက်ချင်တယ် ...
ဒါပေမယ့်
ကိုယ်အကြာကြီး လျှောက်ခဲ့ပြီးမှ
လွယ်လွယ်ကူကူလေးရပ်တန့်လိုက်ရင်
အရာရာက
သဲထဲရေသွန်ဖြစ်သွားမှာပေါ့
ဒီစိတ်နဲ့ပဲ ...
သိမ်းထားမိတဲ့အရာကို
သိမ်းထားမိတဲ့အတိုင်း
ဆက်ထားလိုက်ပြီး
မြိုသိပ်ထားမိတာတွေကို
မြိုသိပ်ထားတဲ့အတိုင်းပဲ
ထားထားလိုက်တာပါ
တကယ်ဆို ...
ကျွန်တော်လဲ လွတ်လပ်ချင်တယ်
ပေါ့ပါးချင်တယ်
ပျော်ချင်တယ်
ပြီးတော့
တစ်ခါတစ်လေကျ
ငိုချင်တယ် ။