ငါးလေးအိုးကပ်
**************
“လူကြီးတွေ ဆုံးမတဲ့
ခေါင်းတရာသားကို စားပါ
ကျန်းမာအောင် နေပါ “ တဲ့

ရှေးစကားလေးကို သတိတရနဲ့ ငါးနုပ်ဖွားလေးကို ခရမ်းချဉ်သီးနဲ့ အိုးကပ်ချက်နည်းလေး တင်ပေးလိုက်ပါတယ်နော်။

အရမ်းကို ထမင်းမြိန်သောငါးဟင်းတခွက်ပါ။

ဟင်းစချက်တော့မယ်ဆိုရင်
ငါးနုပ်ဖွားလေးတွေကို စင်နေအောင်ဆေး၊
ငံပြာရည်၊ဟင်းခပ်မှုန့်၊ နနွင်း များများလေးနဲ့နယ်ထားပါတယ်။

ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ခြစ်ခရမ်းချဉ်သီး ပါးပါးလှီးပြီး
ကြက်သွန်ဖြူ,နီ, ငရုတ်သီးစိမ်းမှုန့်လေး ဆီသပ် ခရမ်းချဉ်သီးထည့် လိပ်ပြီး အစိမ်းနံ့ပျောက်တဲ့ထိ လှိမ့်ပြီး ဆေးထားတဲ့ငါးနုပ်ဖွားလေးတွေ နဲ့ ဂျင်းထောင်း ထည့်ပြီး မကြေအောင် အရမ်းမမွှေဘဲ အထပ်အောက်လှန်ရင်း သာသာလေး ပဲ မွှေပါတယ်၊ “ပုဇွန်အကွေး၊ငါးအနွေး”ဆိုတဲ့အတိုင်း ငါးနုပ်လေးတွေက သေးသေးလေးဆိုတဲ့အတိုင်း အမြန်ကျက်ပါတယ်၊ ငါးလေးတွေ နွေးတာနဲ့ ငရုတ်သီးစိမ်းနဲ့ နံနံအုပ်လိုက်ပါတယ်။
မကျိုးမကြေ စားချင်စဖွယ် ငါးနုပ်ဖွားအိုးကပ်မွှေးမွှေးလေးတခွက် ရပါပြီရှင်။

image