#လယ်သမားဟင်းငရုပ်သီးဆားထောင်း
🌿🌿🌿🌿🌿🌿🌿🌿

ဘာလိုသေးလဲ😁😁

ပါဝင်ပစ္စည်းများ

မျှစ်......၃၀သား ကို( ပြုတ်ထားပါတယ်)

မှို......၁၀ သား

ပုစွန်........ ၁၀ကျပ်သား ကို (ခေါင်းဖြုတ် ကျောခွဲအညစ်အကြေးထုတ်ထားပါ)

ရုံးပတီသီး...... ၁စည်း( အနေတော်ပိုင်းထားပါ)

ဆန်......လက်တဆုပ်စာ(​လှော် ထားပါ

ဆူးပုပ်ရွက်.....၁စည်း (ခြွေထားပါ)

ပင်စိမ်း......၃ပင်

ငရုပ်သီးစိမ်း..... ၁၀တောင့်ခန့်

ကြက်သွန်နီ.... ၁လုံး

အင်ဥ.... တဗူး (ပွတ်ဆေးထား)

ရွှေဖယုံသီး....တစိတ် (အခွံခွာပြီ အနေတော်တုံးထားပါ)

ဖလံတောင်ဝှေး....၅ပင်( အနေတော်သင်ထားပါ)

အရွက်တမျိုးကျန်သေး မခေါ်တတ်လို့

ငါးပိ...အနည်းငယ်

ဆား.....အနည်းငယ်

ချက်နည်း

အရင်ဦး​​ဆုံး ရေ ကို အိုးထဲထည့် ဆား ၊ငါးပိ၊ ရွှေဖယုံသီး၊မျှစ်ထည့်ပြီ တည်ထားပါ

ရေဆူလာတဲ့အခါ ပုဇွန် ကြက်သွန်နီ ဆန်လှော်မှုန့် ထည့်
ရွှေဖယုံသီး နူးရင် ဖလံတောင်ဝှေး၊

အင်ဥ၊ရုံးပတီသီး၊မှိုထည့်ပါမယ်
ဟင်းအိုးပွက်ပွက်ဆူလို့

အနေတော်ရပီဆိုရင် ဘာညွန့်လည်းမသိဘူး ပုံထဲမှာပါတယ်အာ့လေးထည့်
ဆူးပုတ်နဲ့ ပင်စိမ်း အုပ်ပီး စားသုံးလို့ရပါပီရှင်

ငရုပ်သီးဆားထောင်း

ကြက်သွန်ဖြူနဲ့
ဆားကို ညက်အောင်ထောင်းပြီ
ငရုပ်သီးအကျက်မှုန့်ထည့်ထောင်းပါ

တာလပေါ့နဲ့ တွဲစား ရှယ်ကောင်း

Crd

image