7 w - Translate

ရွှေညဝါဆရာတော် ပျံလွန်တော်မူ၊ စာရေးဆရာ မောင်သာချို ကွယ်လွန်

ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့သည့် ရွှေညဝါဆရာတော် အရှင်ပညာသီဟ သက်တော် (၆၁) နှစ် သည် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် အသည်းရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

ထို့အတူ ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမောင်သာချို (ဂျက်-ကွမ်းခြံကုန်း) အသက် (၆၇) နှစ်သည်လည်း ယနေ့ နံနက် ၈ နာရီက ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ရွှေညဝါဆရာတော်နှင့် ဆရာမောင်သာချိုတို့ နှစ်ဦးစလုံးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။

image