📗ပင်စိမ်းပင် ကြီးထွားပြီး ကြာကြာရှင်စေရန် နည်းလမ်း -
ပင်စိမ်းပင်ကို ကြီးထွားစေပြီး အရွက်များများထွက်စေကာ နှစ်ရှည်ခံစေမည့်ပြုစုနည်း။
⬇ပြုလုပ်နည်း
ပင်စိမ်းပင်များ ပန်းပွင့်လာတိုင်း အဖူးများကို ခူးပစ်ရမည်။
ပင်စိမ်းပင်ကို ပန်းမပွင့်အောင် "လှည့်စားခြင်း" ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ပင်စိမ်းပင်များ ပန်းပွင့်ပါက အသက်တိုသွားတတ်သည်။
ပန်းဖူးများကို အကုန်ခူးပစ်ပြီး ရေလောင်းပေးခြင်း၊ မြေဆီလွှာကို ဂရုစိုက်ခြင်း၊ မြေဩဇာထည့်ပေးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် ပင်စိမ်းပင်ကို ပင်စည်တိုတိုနှင့် အရွက်ထွက်နည်းသော အပင်မှ ပင်စည်ရှည်ရှည်၊ အရွက်များများထွက်သော အပင်အဖြစ် ပြောင်းလဲစေနိုင်သည်။
ပင်စိမ်းပင်ကို ပန်းပွင့်အောင် ထားထားပါက အပင်များ အားနည်းလာပြီး မြန်မြန်သေဆုံးသွားတက်သည်။