16 w - Translate

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ထိုပွဲတွင် အစီစဥ်တင်ဆက်သူက "ဟွန်ဆန်နဲ့ ညီအစ်ကိုဖြစ်​နေဆဲပဲလား" ဟု မေးမြန်းခဲ့သည်။

သက်ဆင်က "ကျွန်​တော်တို့ အရင်က ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါစို့။ သူက ငါ့သမီးကို ဒီလောက်အထိ နာကျင်စေခဲ့တာ၊ ဒီလိုမျိုးဖြစ်သွား နိုင်တာကို ငါထိတ်လန့် တုန်လှုပ်သွားတယ်" ဟု ပြောကြားခဲ့သည်။

သက်ဆင်၏သမီးဖြစ်သူဝန်ကြီးချုပ် ​ပေတုံတန်နှင့်ဟွန်ဆန်တို့ ဖုန်းစကားပြောဆိုသည့်အသံဖိုင်ထွက်​ပေါ်လာပြီးနောက်ပိုင်း​ပေတုံတန်ကိုအ​ခြေခံဥပ​ဒေခုံရုံးက ရာထူးမှ ဆိုင်းငံ့လိုက်သည့်ဖြစ်ရပ်ကို ဖခင်တစ်​ယောက်အ​နေဖြင့် ခံရခက်မည်မှာအမှန်ပင်။

သက်ဆင်ကဆက်လက်၍ 'ဒီနေ့ ဟွန်ဆန်နဲ့ ဘယ်သူမှ မပေါင်းတော့ဘူး။ ယုံကြည်မှု မရှိတော့ဘူး။ သူနဲ့ဘယ်သူမှစကားပြောချင်တော့မှာမဟုတ်ဘူး၊ သူနဲ့စကားပြောရင် သူအသံသွင်းထားမလားဆိုတဲ့စိတ်နဲ့​လေ"ဟု​ သက်ဆင်က ပြောခဲ့သည်။

image