16 w - Translate

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။

ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နေကြရသည်။

ကမ္ဘောဒီးယား လက်လီဖောက်သည်များအပေါ်တွင် သိသိသာသာ လွှမ်းမိုးမှုရှိခဲ့သော ထိုင်းထုတ်ကုန်များသည်နှစ်နိုင်ငံနယ်စပ်တင်းမာမှုများကြောင့် ထိုင်းနိုင်ငံမှတင်သွင်းမှုများကို ပိတ်ပင်ထားသည်။

စျေးကွက်စစ်တမ်းအမျိုးမျိုးအရ Dutch Mill ကဲ့သို့သောနို့ထွက်ပစ္စည်းသည် ကမ္ဘောဒီးယား စျေးကွက်တွင် ၃၀ရာခိုင်နှုန်းကျော်ဝေစုရှိပြီး ၄င်းကိုမည်သည့်အမှတ်တံဆိပ်က အစားထိုးနိုင်မည်လဲက စိတ်ဝင်စားစရာပင်။

image