ခွေး၊ ကြောင်လေးတွေကို အသက်အရွယ်အလိုက် ဘယ်လို သန်ချပေးသင့်လဲ ?
ခွေး၊ ကြောင်လေးတွေက မြေပေါ်မှာ အရမ်းကို ဆော့ကစားတတ်ပြီး ပေါက်ကရတွေလဲ လူကြီးတွေ မသိအောင်စားတတ်တာမို့ ပုံမှန်သန်ချပေးဖို့လိုပါတယ်။
ခွေး၊ ကြောင်လေးတွေရဲ့
🔺အသက် ၁၄ရက်သားကနေ ၃လသားထိ
➡️ နှစ်ပတ်တစ်ကြိမ်
🔺အသက် ၃လသားကနေ ၆လသားထိ
➡️ တစ်လတစ်ကြိမ်
🔺အသက် ၆လအထက်
➡️ ၃လတစ်ကြိမ်
ပုံမှန် သန်ချပေးရမှာ ဖြစ်ပါတယ်။
ဒီလို ပုံမှန်သန်ချပေးခြင်းဖြင့် သင့်ခွေး၊ ကြောင်လေးတွေကို နေကောင်းကျန်းမာအောင် ပြုစုပျိုးထောင်ပေးပါ။