📌 ကြောင်လေးတွေ မျက်ရည်ကျတာ၊ မျက်ရည်ယိုတာက ပုံမှန်အကြောင်းရင်းတွေ ရှိသလို ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အဓိကဖြစ်လေ့ရှိတဲ့ အကြောင်းရင်းတွေကတော့
➡️ မျက်လုံးပိုး၀င်ခြင်း
➡️ မွေးရာပါ မျက်ရည်ပြွန်ပိတ်ဆို့နေခြင်းကြောင့် ဆက်တိုက် မျက်ရည်ကျနေခြင်း
➡️ ထိခိုက်မှုတစ်ခုခုကြောင့် မျက်ကြည်လွှာ ထိခိုက်ခြင်း
➡️ ပန်း၀တ်မှုံတွေ၊ ဖုန်မှုန့်တွေ ၀င်တာကြောင့် ဓာတ်မတည့်မှုဖြစ်ပွားခြင်း
တို့ကြောင့်ဖြစ်နိုင်ပါတယ်။
လိုအပ်လာရင် ဆေးရုံဆေးခန်းပြသပေးရပါမယ်။
ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လဲ လိုပါတယ်။
✅ ရေနွေးနွေးလေးနဲ့ စိုဝတ်သန့်သန့်ကို အသုံးပြုပြီး မျက်လုံးထောင့်တွေကို ညင်သာစွာ သုတ်ပေးပါ။
✅ အာဟာရပြည့်ဝအောင်ကျွေးပါ။ Omega-3 ဖြည့်စွက်စာ၊ ဗီတာမင် A ကြွယ်ဝတဲ့ အစာတွေ (ဥပမာ - ငါး၊ ကြက်ဥ) ကျွေးပါ။
✅ ဖုန်မှုန့်၊ ဓာတုပစ္စည်းတွေ၊ ဆေးလိပ်ခိုးတွေ ရှောင်ပါ။
ပြဿနာရှိိတယ်လို့ သံသယရှိလာရင် နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းကို အမြန်ပြသပါ။
ကြောင်လေးရဲ့ မျက်လုံးသန့်ရှင်းရေးကို နေ့စဉ်ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။
✨အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။