သင်စိတ်ဆိုးအောင် တစ်ခုခုလုပ်မိထားရင် ခွေးလေးတွေဟာ ဘယ်လိုပုံစံပြုမူတတ်ကြသလဲ✨
➡️ အကွယ်တစ်ခုခုကနေ သင့်ကိုမဝံ့မရဲ အမြဲခိုးကြည့်တတ်တယ်။
➡️ သင့်နားကို လာချင်ပေမယ့် မလာဘဲ ဝေ့လည်ကြောင်ပတ် လုပ်ပြီး သင်ခါတိုင်းလိုခေါ်ဖို့ကို မျှော်လင့်တတ်ကြတယ်။
➡️ အစားကျွေးတဲ့အခါ မစားဘဲ သင့်ကိုကြည့်နေတတ်တယ်။
➡️ ဒါမှမဟုတ် သင့်အပေါ်ကို အတင်းတိုးဝှေ့ပြီးနမ်းရှုံ့တာမျိုး လုပ်တတ်ကြတယ်။
➡️ သူပြန်ချော့တာကို သင်ကလက်မခံဘဲ ရုတ်တရက်အော်ဟစ်လိုက်တာ၊ ရိုက်လိုက်တာမျိုးဆိုရင်တော့ မျက်နှာငယ်နဲ့ ချောင်တစ်ခုခုနား ခွေပြီး သင့်ကို ပြန်စိတ်ကောက်သွားကြမှာ ဖြစ်ပါတယ် 😆
အဲ့တာကြောင့် ကိုယ်က ပြန်ချော့ရမဲ့အဖြစ်မျိုးမကြုံရအောင် သူတို့လာချော့ကတည်းက စိတ်ဆိုးပြေလိုက်ကြပါနော် 😂🩵
သင့်ခွေးလေးနဲ့ အတွေ့အကြုံတွေကိုလည်း ပြန်လည်ရင်ဖွင့်သွားနိုင်ပါတယ် ✨