ကြယ်တွေကို ရေတွက်တုန်းက
ဒီဇင်ဘာ ခြောက်ရက် အတွေးထဲ
နှင်းမြူတွေ ၀ိုင်းကြီးပတ်ပတ် ။
ပထမတစ်ခါ အသည်းကွဲတယ်
ဒုတိယတစ်ခါ အသည်းကွဲတယ်
နောက်ထပ် တတိယ စတုတ္ထ ။
ဘယ်နှစ်ကြိမ်လည်း ဘယ်နှစ်ခါမြောက်လည်း အတွေးထဲက လိပ်ပြာလေး လက်ဖ၀ါးထဲ အုပ်မိုးထားချင်တယ် ။