တိုက်ဆိုင်မှုတွေရှိလာတိုင်း
အတိတ်ကမပိုင်ဆိုင်ရတဲ့
တစ်စုံတစ်ယောက်ကို သတိရတယ်

ပြန်လိုချင်လားလို့မေးရင်
ဟင့်အင်းလို့ဖြေမိမယ်ထင်တယ်

ဘာလို့ဆို အခုကိုင်ထားတဲ့
လက်ကလေးက ပိုနွေးတယ်
ပိုအေးချမ်းတယ်လေ

ချစ်ခဲ့ဘူးလားလို့မေးရင်
အင်း...ချစ်ခဲ့ပါတယ်
မနေ့ကအထိပေါ့။