လွမ်းလှပါသည် အဖေနဲ့အမေ
ရှေးပြုခဲ့ဖူးသည့်
ရေစက်ရယ်ကြောင့်
ဤဘဝဝယ်...
ဆုံတွေ့ခွင့်ရသည်
အဖေနဲ့အမေ...။
နိုင်ငံရေးကြောင့်ခွဲခွာရသည်...
ရေစက်ကယ်မျှ ထိုမျှလား။
မိသားစုစုံစုံလင်လင်
တစ်နေ့ပြန်ဆုံရမည်။
အသက်ရှည် အနာကင်း
ကျန်းမာအောင်နေပါ..အဖေနဲ့အမေ
အို...လွမ်းလှပါသည် အဖေနဲ့အမေ