ပြင်သစ်တောမီးကြောင့်မာဆေးလေဆိပ်ပိ-တ်လိုက်ရ၊ ရထားပြေးဆွဲမှုများ လည်းရပ်ဆိုင်းသွား
ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လေ-ာင်ကျွမ်းနေသောတောမီးကြောင့် မာဆေးလေဆိပ်ကို ပိတ်လိုက်ရပြီး ရထားပြေးဆွဲမှုများကိုလည်း ရပ်တန့်လိုက်ရသည်။ တောမီးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
အပူလှိုင်းကျရောက်ခဲ့ပြီးနောက် လေပြင်းတို-က်ခ-တ်မှုနှင့် သစ်ခြောက်ပင်များကြောင့် အင်္ဂါနေ့က ပြင်သစ်၏ ဒုတိယအကြီးဆုံး မာဆေးမြို့၏ မြောက်ဘက်ဧရိယာအပါအဝင် ပြင်သစ်တောင်ပိုင်းရှိ နေရာများစွာတွင် မကြာခင်ရက်များအတွင်း တောမီးများ လေ-ာင်ကျွမ်းနေခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးသည် အင်္ဂါနေ့ညနေပိုင်းက မီးလေ-ာင်ကျွမ်းရာဒေသရှိ မီးသတ်သမားများထံ သွားရောက်တွေ့ဆုံခဲ့ပြီး မျှော်လင့်ထားသကဲ့သို့ လေတို-က်နှုန်းလျော့သွားပါက ညသန်းခေါင်ကျော်လောက်တွင် တောမီးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
မာဆေးမြို့မြောက်ဘက် လေဆိပ်သို့အသွားလမ်းပေါ်ရှိ ပန်းမီရာဘိုး ဒေသတွင် မော်တော်ယာဉ်တစ်စီးမီးလေ-ာင်ကျွမ်းရာမှ စတင်ခဲ့သော တောမီးသည် ညနေပိုင်းတွင် သစ်တောမြေ ဟက်တာ ၇၀၀ ခန့်ကို ပျံ့နှံ့လေ-ာင်ကျွမ်းခဲ့သည်ဟု မီးသတ်သမားများက ပြောဆိုသည်။
ကောင်းကင်သို့ မီးခိုးလုံးများ ထိုးတက်ခဲ့ပြီး မွန်းလွဲချိန်လောက်တွင် လေဆိပ်၏ ပြေးလမ်းများကို ပိတ်လိုက်ရသည်ဟု မာဆေးပြည်နယ်လေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ည ၉ နာရီခွဲဝန်းကျင်ခန့်တွင် လေဆိပ်ကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်သွားမည်ဖြစ်ကာ ဖြစ်စဉ်ကြောင့် လေကြောင်းခရီးစဉ် ၅၄ ခုကို ဖျ-က်သိမ်းလိုက်ရကြောင်းနှင့် ၁၄ ခုကို လမ်းကြောင်းပြောင်းပေးခဲ့ရကြောင်း နောက်ပိုင်းတွင် ၎င်းက ပြောဆိုခဲ့သည်။
ထို့အပြင် တောမီးကြောင့် မြို့တွင်း၊ မြို့ပြင် ရထားခရီးစဉ် တစ်ဒါဇင်ကျော်ကို ဖျက်သိမ်းခဲ့ရသည်ဟု နိုင်ငံတော်မီးရထားအော်ပရေတာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မာဆေးမြို့ အသွားအပြန် ရထားလမ်းကြောင်းသည် ဗုဒ္ဓဟူးနေ့အထိ အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်းလည်း ဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။
Ref: ဘန်ကောက်ပို့စ်
